• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် ပထမဦးဆုံး အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ် လွှတ်တင်မည်

(GMT+08:00) 2016-12-28 09:21:42

ယခုလ ၂၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ၂၀၁၆ ခုနှစ် တရုတ်ပြည်၏ အာကာသလုပ်ငန်း စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းစက္ကူဖြူ စာတမ်းတွင် လာမည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် အာကာသလုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် ဝန်းကျင်တွင် ကမ္ဘာ့ အာကာသလုပ်ငန်း အင်အားတောင့်တင်းသောနိုင်ငံများ စာရင်းတွင် ဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟု တင်ပြထားသည်။ တရုတ် နိုင်ငံတော် အာကာသလုပ်ငန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဝူယန့်ဟွာက၊ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် ပထမဦးဆုံးသော အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ကို လွှတ်တင်မည် ဖြစ်ပြီး ကြာသပတေးဂြိုဟ်နှင့် ဂြိုဟ်များ စူးစမ်းရေး လုပ်ငန်းများကိုလည်း စီမံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝူယန့်ဟွာက၊ ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် ပထမဦးဆုံးသော အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ကို လွှတ်တင်မည် ဖြစ်ပြီး အင်္ဂါဂြိုဟ် ပတ်လည်ခြင်း၊ ဆင်းသက်ခြင်းနှင့် ကင်းလှည့်ခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်း၊ အင်္ဂါဂြိုဟ် မြေပြင်၌ နမူနာများ သိမ်းယူမည် ဖြစ်ပြီး အင်္ဂါဂြိုဟ် ဖွဲ့စည်းပုံ၊ ရုပ်ဝတ္ထုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနများကို ပြုလုပ်မည် ဖြစ်ကြောင်း၊ ထို့ပြင် ဂြိုဟ်သိမ် စူးစမ်းခြင်း တစ်ကြိမ် ပြုလုပ်မည် ဖြစ်ပြီး ကြာသပတေးဂြိုဟ်နှင့် ဂြိုဟ်များ စူးစမ်းခြင်းလုပ်ငန်း တစ်ကြိမ်ကိုလည်း စီမံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio