• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပထမဦးဆုံး တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ ဥပဒေ ထုတ်ပြန်

(GMT+08:00) 2016-12-26 08:53:22

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ၂၅ အကြိမ် အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့က ပီကင်း၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခု အကြိမ် အစည်းအဝေးတွင် တရုတ် တိုင်းရေးဆေးနှင့် တိုင်းရင်းဆေးပညာ ဥပဒေကို မဲပေး အတည်ပြုခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်၌ ပထမဦးဆုံးသော တရုတ် တိုင်းရင်းဆေးပညာ ဆိုင်ရာ ဥပဒေ ဖြစ်ပြီး ရည်မှန်းချက်မှာ တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာကို ကာကွယ်၊ ထောက်ခံ၊ တိုးတက်စေရန်တို့ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ ဥပဒေမှာ အခဏ်း ၉ ခဏ်း၊ ပုဒ်မ ၆၃ ခု ပါဝင်ပြီး တိုင်းရင်းဆေး ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုးရေး၊ သမားတော်များ ပျိုးထောင်ရေး၊ တိုင်းရင်းဆေးနှင့် ဆေးပညာ သုတေသနပြုရေး၊ ဆက်ခံသင်ကြားရေး စသည့်ဘက်များ၌ မျက်မှောက်ကာလ၌ တိုင်းရင်းဆေးပညာ တိုးတက်မှုဆိုင်ရာ အဟန့်အတား၊ အခက်အခဲများ ဖြေရှင်းရေး နည်းလမ်းများကို သတ်မှတ်ထားကြောင်း သိရပါသည်။

၂၅ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥပဒေရေးရာ ကော်မတီ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ဟွမ်ဝေက၊ တရုတ်အစိုးရသည် တိုင်းရင်းဆေးပညာကို အားပေး ထောက်ခံမှု တွန်းအားပေးသည့် တချိန်တည်းတွင် ကြပ်မတ်ရေးလုပ်ငန်းကိုလည်း အားဖြည့် ဆောင်ရွက်နေကြောင်း၊ တိုင်းရင်းဆေး စိုက်ပျိုးခြင်း၊ ဆွတ်ခူးသိမ်းဆည်းခြင်း၊ သိုလှောင်ခြင်းနှင့် အချောကိုင်ခြင်းဆိုင်ရာ နည်းပညာ စံချိန်စံနှုန်းများကို သတ်မှတ်ထားပြီး တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ ပြစ်မှုကျူးလွန်မှုများကိုလည်း ပိုမို တင်းကျပ်စွာ အရေးယူ အပြစ်ဒဏ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio