• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် နိုင်ငံခြားရေး တာဝန် လေးရပ် ဝမ်ယိ တင်ပြ

(GMT+08:00) 2016-12-23 09:28:11

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် မကြာမီက သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးလုပ်ငန်းများကို သုံးသပ်ပြီး ၂၀၁၇ ခုနှစ် နိုင်ငံခြားရေး လုပ်ငန်းတာဝန် လေးရပ်ကို တင်ပြခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဝမ်ယိက၊ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နှင့် နိုင်ငံကြီးများအကြား ဆက်ဆံမှုသည် တည်ငြိမ်ပြီး တိုးတက်မှုရှိကြောင်း၊ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား ချစ်ကြည်ရေးမှာ တဆင့်တိုး ခိုင်မာလာကြောင်း၊ တရုတ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု လွန်စွာ ကောင်းမွန်ပါကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက၊ ၂၀၁၇ ခုနှစ် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး လုပ်ငန်းတာဝန် ၄ ရပ်မှာ တစ်ခုလုံး အခြေအနေ အသိစိတ်ဓါတ် တိုးမြှင့်ပြီး တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးအတွက် ကောင်းမွန်သော နိုင်ငံခြား ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်၊ OBOR နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်နှင့် BRICKS နိုင်ငံများ နဝမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ သံတမန်ရေးလုပ်ငန်းများကို ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံမှု တွန်းအားပေးရန်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရေး ဆက်ဆံမှုကို တိုးချဲ့ရန်၊ ပြည်ပနိုင်ငံများ၌ ပြည်သူများ နေထိုင်မှုဘဝ တိုးတက်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio