• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်သမ္မတသည် တရုတ်ပြည်နှင့်အတူ တောင်ပင်လယ်ကို ဖေါ်ထုတ်လို

(GMT+08:00) 2016-12-22 10:08:26

ယခုလ ၁၉ ရက်နေ့ညမှာ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်က၊ မိမိတို့သည် တရုတ်နိုင်ငံနှင့် အငြင်းပွါးရာ ပင်လယ်ပြင်ဒေသ၌ ရေနံကို အတူ ရှာဖွေ တူးဖေါ်လိုသည်ဟု ပြောကြားခဲ့ကြောင်း၊ တောင်ပင်လယ် နယ်နိမိတ် အငြင်းပွါးမှု ပြဿနာပေါ်တွင် တရုတ်နိုင်ငံနှင့် အချင်းပွါးမှု မဖြစ်ပွါးစေလိုပေဟုလည်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့ကြောင်း ဖိလစ်ပိုင် မီဒီယာများ၏ ၂၀ ရက်နေ့က သတင်းများကို ကိုးကား၍ တရုတ် နိုင်ငံတကာ တိုင်းမ်စ် သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

၁၉ ရက်နေ့က သမ္မတရုံး၌ ပြုလုပ်သော ဆုချီးမြှင့်ပွဲ အခမ်းအနား တစ်ရပ်တွင်၊ ဒူတာတယ်က၊ တရုတ်နိုင်ငံနှင့်အတူ အငြင်းပွါးရာ တောင်ပင်လယ်ဒေသမှ ရေနံ အရင်းအမြစ်ကို တူးဖေါ် မျှဝေနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု ဖိလစ်ပိုင် စတာ့ သတင်းစာတွင် သတင်းထုတ်ပြန်သည်။ အငြင်းပွါးရာ ပင်လယ်ဒေသ နှင့် ပတ်သက်၍ ဖိလစ်ပိုင် abs-cbn သတင်း ဝက်ဘဆိုဒ်တွင်၊ ဒူတာတယ်က ဟွမ်ယဲန်ကျွန်း အနီးတဝိုက် ပင်လယ်ဒေသ ဖြစ်သည်ဟု ဆိုခဲ့ကြောင်း ဖေါ်ပြထားသည်။

ဒူတာတယ်က၊ ဟွမ်ယဲန်ကျွန်းကို သိမ်းပိုက် ရယူဖို့ ဖိလစ်ပိုင် ရေတပ်ကို စေလွှတ်ရန်မှာ ရွေးချယ်နိုင်ဖွယ်ရာ တစ်ရပ် မဟုတ်ကြောင်း၊ မိမိ၏ သမ္မတ တာဝန်သက်တမ်းအတွင်း တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှုကို တွန်အားပေးမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ လုပ်မည် မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိသည် အနုညာတ စီရင်မှုကို ဘေးဖယ်မည် ဖြစ်ပြီး တရုတ်ပြည်အား ဥစ္စာ တစ်ခုခု အတင်းအဓမ္မ လက်ခံစေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio