• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြမ်းဖက်မှုအား ပံ့ပိုးခြင်းကို ဖြတ်တောက်ရန် ဥရောပသမဂ္ဂ ကြိုးပမ်းနေ

(GMT+08:00) 2016-12-22 09:09:09

ယခုလ ၂၁ ရက်နေ့တွင် ဥရောပသမဂ္ဂ ကော်မတီသည် ဥပဒေပြုရေးဆိုင်ရာ အဆိုပြုချက်များကို တင်သွင်းပြီး ငွေမဲကို ငွေဖြူဖြစ်အောင် ပြုလုပ်မှု တိုက်ဖျက်ရေး၊ တရားမဝင် ငွေရင်းများ စီးဆင်းမှု ထိန်းချုပ်ရေးနှင့် တရားမဝင် ငွေကြေးများ ချိတ်ပိတ်ရေး စသည့်နယ်ပယ်မှ ဥပဒေများ ပိုမို ပြည့်စုံ ကောင်းမွန်လာရန် မျှော်လင့်ကြောင်း၊ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုအား ငွေကြေးအရ ပံ့ပိုးမှုဆိုင်ရာ ဥရောပသမဂ္ဂ၏ တိုက်ဖျက် စွမ်းအားကို တိုးမြှင့်ရန် ဖြစ်ကြောင်း၊ ယင်းသည် တစ်နေ့ထက်တစ်နေ့ ပြင်းထန် ဆိုးဝါး လာနေသော အကြမ်းဖက်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဥရောပသမဂ္ဂ၏ ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်မှုလည်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဥရောပသမဂ္ဂကော်မတီမှ တရားရေး၊ ကုန်ပစ္စည်း စားသုံးသူနှင့် အမျိုးသား အမျိုးသမီး တန်းတူရည်တူ ဖြစ်ရေးဆိုင်ရာ တာဝန်ခံ ဂျိုရိုဗာက၊ မိမိတို့ တင်ပြသော အဆိုပြုချက်အရ အဖွဲ့ဝင်နိုင်ငံအားလုံး၌ အကြမ်းဖက် လှုပ်ရှားမှုနှင့် ပတ်သက်သော ဘဏ်သွင်းငွေကို ၄၈ နာရီ အတွင်း ချိတ်ပိတ်ရမည် ဖြစ်ကြောင်း၊ ယင်းသည် တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှ ကြီးမားသော တိုးတက်မှုပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio