• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တူရကီဆိုင်ရာ ရုရှား သံအမတ်ကြီး ပစ်သတ်ခံ

(GMT+08:00) 2016-12-20 09:38:17
တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အန်ဒရေ ကာလော့ဗှ်သည် ယခုလ ၁၉ ရက်နေ့ညက တူရကီ နိုင်ငံ အန်ကာရာမြို့တော်၌ အခမ်းအနား တစ်ရပ်သို့ တက်ရောက် ရာတွင် သေနတ် ပစ်ခတ်မှု ခံခဲ့ရာ သေဆုံးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
ကလော့ဗှ်သည် အန်ကာရာမြို့၌ ပြပွဲ တစ်ခု၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရာတွင် ပစ်သတ်မှု ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သေနတ်ပစ်သူသည် အသက် ၂၂ နှစ် အရွယ် တူရကီရဲ တစ်ဦး ဖြစ်ပြီး ပွဲချင်းပြီး ပစ်သတ် ခံခဲ့ရပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရုရှားသမ္မတ ပူတင်က၊ အကြမ်းဖက်သမားများသည် ကာလော့ဗှ်အား လုပ်ကြံ သတ်ဖြတ်ခြင်းဖြင့် ရုရှား-တူရကီ ဆက်ဆံမှု ပြန်လည် ပုံမှန် ဖြစ်လာရေးကို တားဆီးရန်နှင့် ဆီးရီးယား ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တားဆီးရန် ကြံစည်နေကြောင်း၊ ယင်းလုပ်ရပ်ကို တုံ့ပြန်သည့် အနေနှင့် မိမိတို့သည် အကြမ်းဖက်မှုကို ဆက်လက် အားဖြည့် တိုက်ဖျက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်သည် ၁၉ ရက်နေ့က မီဒီယာ ကြေညာချက် ထုတ်ပြန်ပြီး ကာလော့ဗှ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ မှတဆင့် ကြေညာချက် ထုတ်ပြန်ပြီး ကာလော့ဗှ်၏ ကျန်ရစ်သူ မိသားစု၊ ရုရှား အစိုးရနှင့် ပြည်သူများအား နှစ်သိမ့်သည်ဟု ဖေါ်ပြခဲ့ကြောင်း သတင်းရရှိပါသည်။
   Webradio