• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးတွင် ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အလေးထား

(GMT+08:00) 2016-12-19 10:25:13

တရုတ် ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးကို မကြာမီက ကျင်းပ ပြီးစီးခဲ့သည်။ အစည်းအဝေးတွင် ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို အလေးထားပြီး ၂၀၁၇ ခုနှစ် စီးပွါးရေးလုပ်ငန်းများကို စီမံထားသည်။ ကျွမ်းကျင်ပညာရှင်များက၊ ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းသည် လာမည့်နှစ် စီးပွါးရေးလုပ်ငန်း၏ အဓိက လုပ်ငန်းတာဝန်ပင် ဖြစ်မည်ဟု ယူဆကြသည်။

ဗဟိုစီးပွါးရေးလုပ်ငန်း အစည်းအဝေးတွင်၊ ၂၀၁၇ ခုနှစ်သည် ၁၃ ခုမြောက် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖေါ်ဆောင်ရေးဆိုင်ရာ လွန်စွာ အရေးကြီးသော နှစ် တစ်နှစ် ဖြစ်ပြီး ယင်းနှစ်အတွင်း ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှု ပြုပြင်ပြောင်းလဲရေးကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည်ဟု ဖေါ်ပြထားသည်။

တရုတ် ဗဟို ဘဏ္ဍာရေး ဦးဆောင်အဖွဲ့ရုံး ဒုဥက္ကဋ္ဌ ယန်ဝေမင်က၊ ကုန်ပစ္စည်း ဖြန့်ဖြူး ရောင်းချမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်း၏ နောက်ဆုံး ရည်မှန်းချက်သည် ပြည်သူပြည်သားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ချက်များကို ပိုမို ကောင်းမွန်အောင် ဖြည့်စွက်နိုင်ရန် ဖြစ်ကြောင်း၊ ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှု အရည်အသွေးကို အဓိကထား တိုးမြှင့်ရမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုသည် သက်ဆိုင်ရာ လုပ်ငန်းများကို လက်တွေ့ကျ ဖေါ်ဆောင်စေရန် အရင်းခံ နည်းလမ်းပင် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

   Webradio