• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကမ္ဘောဒီးယား တပ်မတော် ပူးတွဲ လေ့ကျင့်မှု ပြုလုပ်

(GMT+08:00) 2016-12-16 14:10:10

တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ တပ်မတော်တို့သည် "Golden Dragon-2016"ဟု အမည်ပေးထားသည့် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် ဘေးဒဏ် လျှော့ပေါ့ရေးဆိုင်ရာ ပူးတွဲ လေ့ကျင့်မှု ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ ကမ်ပုန်စပယ် ပြည်နယ် ကြည်းတပ်တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံမှ တပ်မတော်တို့သည် ပူးတွဲ လေ့ကျင့်ပွဲကို ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ပူးတွဲ လေ့ကျင့်ပွဲ၏ ရည်ရွယ်ချက်မှာ စစ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံ၏ ဆက်ဆံမှုကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ အကြားရှိ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရေးကို တိုးပွားခိုင်မြဲစေရန် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဘုရင့်တပ်မတော် စစ်ဦးစီးချုပ် ပိုလ် စန်ရိုအွန်က ပြောကြားသည်။

   Webradio