• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နန်ကင်း လူသတ်မှုကြီးတွင် သေဆုံးသူများအပေါ် လွမ်းဆွတ်ဝမ်းနည်းကြောင်း အခမ်းအနားများ ပြုလုပ်

(GMT+08:00) 2016-12-14 09:36:50

ဒီဇင်ဘာလ ၁၃ ရက်နေ့သည် နန်ကင်းလူသတ်မှုကြီး ဖြစ်ပွါးခဲ့သော ၇၉ နှစ် ပြည့်နေ့ ဖြစ်သည်။ ယင်းနေ့တွင် တရုတ်ပြည် ဒေသအရပ်ရပ်၌ လူသတ်မှုကြီးတွင် သေဆုံးသူများ အပေါ် လွမ်းဆွတ်ဝမ်းနည်းကြောင်း အခမ်းအနားများကို ပြုလုပ်ခဲ့ကြသည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၉၃၈ ခုနှစ် ဇန်နဝါရီလအထိ ဖြစ်သည့် ရက် ၄၀ ကျော်အတွင်း နန်ကင်းမြို့တွင် တရုတ်လူမျိုး ၃ သိန်းခန့်သည် ဂျပန် စစ်ဝါဒီများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှု ခံခဲ့ရသည်။

နန်ကင်းမြို့၌ ကျင်းပသော အခမ်းအနားတွင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို စည်းရုံးရေး ဝန်ကြီးဌာန ဝန်ကြီး ကျောက်လေ့ကြည့်က မိန့်ခွန်း ပြောကြားခဲ့သည်။ ကျောက်လေ့ကြည့်က၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ နိုင်ငံတကာ ကျင့်ဝတ်တရားနှင့် တရားမျှတမှုကို ထိန်းသိမ်း ကာကွယ်မည် ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး၏ အောင်ကျိုးရလဒ်များကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း အတိုင်း ဦးလည်မသုန် ချီတက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်း၊ ကာကွယ်၊ တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio