• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မြစ်ချောင်းအင်းအိုင် တာဝန်ခံ စနစ် ကျင့်သုံးမည်

(GMT+08:00) 2016-12-13 10:51:03

ယခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ဆည်မြောင်းတာတမံလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး ကျိုရွှေဝင်က၊ တရုတ်နိုင်ငံသည် မြစ်ချောင်းအင်းအိုင် တာဝန်ခံ စနစ် ဘက်စုံ ကျင့်သုံးရေး လမ်းညွှန်စာတမ်းကို ထုတ်ပြန်ပြီ ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်အတွင်း တစ်ပြည်လုံး၌ မြစ်ချောင်းအင်းအိုင် တာဝန်ခံ စနစ်ကို ကျင့်သုံးရန်၊ ရေ အရင်းအမြစ်ကို ထိန်းသိမ်းကာကွယ်ရန် ညွှန်ကြားသည်ဟု ပြောကြား ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြစ်ချောင်းအင်းအိုင် တာဝန်ခံ စနစ် ဟူသည်မှာ အဆင့်ဆင့်သော ပါတီနှင့် နိုင်ငံရေး တာဝန်ရှိသူများက တာဝန်ကျ ဒေသအတွင်း မြစ်ချောင်းအင်းအိုင် ညစ်ညမ်းမှု ပြုပြင်ရေးကို တာဝန်ခံ စနစ် ဖြစ်ကြောင်း၊ အဆင့်ဆင့်သော မြစ်ချောင်းအင်းအိုင် တာဝန်ခံများသည် မြစ်ချောင်းအင်းအိုင် ရေအရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေး၊ မြစ်ကမ်း ကြပ်မတ်ရေး၊ ရေညစ်ညမ်းမှု ပြုပြင်ရေး၊ ရေ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး စသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ မြစ်ချောင်းအင်းအိုင်ကို တရားမဝင် သိမ်းပိုက် အသုံးပြုခြင်း၊ ရေညစ်ရေဆိုး ထုတ်ပစ်ခြင်း၊ မြစ်နှင့် ရေကန်မှ သဲများကို တရားမဝင် တူးဖေါ်ခြင်း စသည့်ပြစ်မှုများကို အရေးယူရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများနှင့် လက်အောက်အဆင့် မြစ်ချောင်းအင်းအိုင် တာဝန်ခံ၏ တာဝန် ကျေပွန်မှု အခြေအနေကို ကြပ်မတ်ရမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် မြစ်ချောင်းအင်းအိုင် တာဝန်ခံ အဖြစ် ထမ်းဆောင်နေသော အဆင့်ဆင့်သော ပါတီနှင့် အစိုးရ ခေါင်းဆောင် ဦးရေမှာ ၂၀၀၀ ခန့် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio