• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျိုးသမီးနှင့်ကလေးများကျန်းမာရေးလုပ်ငန်းကို ကမ္ဘောဒီးယားတွင် တရုတ်စတင်လုပ်ဆောင်

(GMT+08:00) 2016-12-09 13:37:16

တရုတ်နိုင်ငံတော်ကျန်းမာရေးနှင့်မိသားစုစီမံကိန်းကော်မတီမှ ဦးစီးဆောင်ရွက်သော အာရှ၌ ပထမဆုံးအမျိုးသမီးနှင့်ကလေးများကျန်းမာရေးလုပ်ငန်းဒီဇင်ဘာလ၇ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စတင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မတီဥက္ကဋ္ဌ လီပင်း၊ ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီး မန်ဘန်ဟန်နှင့် ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး ရှုံပိုးစသည်တို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းအရသိရပါသည်။

ယင်းလုပ်ငန်းအစီအစဉ်အရ အချိန်၃နှစ်ယူပြီးကမ္ဘောဒီးယားနိုင်ငံသို့ ကလေးရောဂါအထူးကုဆရာဝန်များကို အသုတ်ခွဲပြီးစေလွှတ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရသိရပါသည်။

 

   Webradio