• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘရန်စတာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ထမ်းဆောင်ရန် ထရန် ရွေးချယ်

(GMT+08:00) 2016-12-09 10:52:03

ဒေသစံတော်ချိန် ၇ ရက်နေ့က အမေရိကန် သမ္မတ အဖြစ် အရွေးခံရသော ထရန်၏ ကြားဖြတ်အဖွဲ့သည် အိုင်အိုဝါ ပြည်နယ်မှူး ဘရန်စတာအား တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ခန့်အပ်ရန် ထရန်က အမည် တင်သွင်းခဲ့ပြီဟု ကြေညာခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ ကြာရှည်သော ကာလအတွင်း ဘရန်စတာသည် အမေရိကန်-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်း၊ ဘရန်စတာသည် ကုန်သွယ်မှုအကြောင်း နားလည်သိရှိသည်ဟု ထရန်က ယူဆခြင်း၊ ဘရန်စတာသည် စောစောကပင် သမ္မတ ရွေးကောက်ပွဲတွင် ထရန်အား ထောက်ခံ သဖြင့် ထရန်၏ ယုံကြည်အားထားမှု ရရှိခြင်းတို့သည် ထရန်က ဘရန်စတာအား တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ထမ်းဆောင်ရန် ရွေးချယ်သည့် အဓိက အကြောင်းရင်းပင် ဖြစ်ကြောင်း သုံးသပ်ကြသည်။

   Webradio