• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်နှင့်အတူ တရုတ်-အမေရိကန်ဆက်ဆံမှု တိုးတက်ရေးကို တွန်းအားပေးလိုဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00) 2016-12-09 10:35:19

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခန်းက တရုတ်အစိုးရသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်နှင့်အတူ တရုတ်-အမေရိကန်ဆက်ဆံမှု ဆက်တိုက် ကောင်းမွန်စွာ တိုးတက်ရေးကို တွန်းအားပေးလိုကြောင်း ၈ ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

    အိုင်အိုဝါ ပြည်နယ်မှူး ဘရန်စတာအား တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ခန့်အပ်ရန် အမေရိကန် သမ္မတ ထရန့်က အမည် တင်သွင်းခဲ့ပြီဟု မကြာခင်ရက်များက ထရန့်၏ ကြားဖြတ်အဖွဲ့က ကြေညာခဲ့ကြောင်း၊ အမေရိကန်မီဒီယာများမှ သတင်းအရ ဘရန်စတာသည် ယင်းအမည်တင်သွင်းခြင်းကို လက်ခံပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio