• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နယ်စပ်ဒေသ၌ တရားဥပဒေကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်

(GMT+08:00) 2016-12-09 10:34:53

        တရုတ်-ဗီယက်နမ်နယ်စပ်ဒေသရှိ ပြည်နယ်၅ပြည်နယ် တရားဥပဒေ ကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ်အစည်းအဝေးကို ၈ ရက်နေ့က တရုတ် နန်နင်းမြို့၌ ကျင်းပခဲ့ရာ တရုတ် ကွမ်ရှီ ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် ဗီယက်နမ် ကွမ်နင်၊ လျန်ရှမ်၊ ကော်ဖိန်၊ ဟိုကျန်စသည့်ပြည်နယ် ၄ ပြည်နယ်မှ ကိုယ်စားလှယ်တို့သည် နိုင်ငံရေးလုံခြုံမှု ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးစသည့် နယ်ပယ်၌ တရားဥပဒေကျင့်သုံးရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးကာ အစည်းအဝေး မှတ်တမ်းအကျဉ်းချုပ်ကိုလည်း လက်မှတ်ရေးထိုးကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio