• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အရှေ့ အနောက်ပိုင်းဒေသများ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်နေ

(GMT+08:00) 2016-12-09 10:32:05

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်ပြည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများ၏ ဆင်းရဲမှု ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွင် တိုးတက်အောင်မြင်မှုများကို ရရှိခဲ့သည်။ မကြာမီက တရုတ်အစိုးရသည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများ၏ ဆင်းရဲမှု ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကို အားဖြည့်ဆောင်ရွက်ရန် စာတမ်း တစ်ရပ်ကု ထုတ်ပြန်ခဲ့သည်။ ယင်းစာတမ်းတွင် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများ ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူကောင်းလူတော် စေလွှတ်မှု တိုးဖြည့်ခြင်း၊ ငွေရင်း ထောက်ပံ့မှု တွန်းအားပေးခြင်းနှင့် လုပ်ငန်းပေါင်းစုံတို့ ပါဝင်ဆောင်ရွက်လာရန် တိုက်တွန်း လှုံ့ဆော်ခြင်း အပါအဝင် လုပ်ငန်းတာဝန် ငါးရပ်ကို တင်ပြထားသည်။ ယခုလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး အထက်ပါ စာတမ်းကို ရှင်းလင်း ပြောကြားခဲ့သည်။

သက်ဆိုင်ရာ စာရင်းအရ၊ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်ပြည် အရှေ့ပိုင်းရှိ ပီကင်း၊ ရှန်ဟိုင်း၊ လျောင်နင်၊ စမ်းတုံး စသည့် ပြည်နယ်နှင့် မြို့များသည် အနောက်ပိုင်း ဆင်းရဲသော ဒေသများအား တရုတ်ယွမ်ငွေ ၁၆ ဘီလီယံကျော် ထောက်ပံ့ကူညီပေးခဲ့ပြီး အနောက်ပိုင်း ဆင်းရဲသော ဒေသများတွင် အရှေ့ပိုင်းဒေသများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၁၅၀၀ ကျော် ရှိကြောင်း သိရပါသည်။

   Webradio