• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုသမ္မတထံသို့ ရှီကျင့်ဖိန်ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00) 2016-12-09 10:15:43

ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ အာချီ၌ ၇ ရက်နေ့ကဖြစ်ပွားခဲ့သော ပြင်းအားကြီးငလျင်နှင့်ပတ်သက်၍ အင်ဒိုနီးရှားသမ္မတဂျိုကိုထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မိမိသည် တရုတ်အစိုးရနှင့်တရုတ်ပြည်သူများ ကိုယ်စား ကွယ်လွန်သူများအပေါ် ဝမ်းနည်းကြေကွဲကြောင်းဖေါ်ပြသည့်အပြင် ကျန်ရစ်သူ မိသားစုနှင့် ဒဏ်ရာရသူများအပေါ် နှစ်သိမ့်အားပေးကြောင်းဖေါ်ပြသည်ဟုစီအာအိုင် သတင်းအရသိရသည်။

   Webradio