• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၃ကြိမ်မြောက် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2016-12-09 09:58:44

၂၃ကြိမ်မြောက် ဥရောပ လုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OSCE) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဒီဇင်ဘာလ ၈ရက်နေ့က ဂျာမဏီနိုင်ငံ ဟမ်ဘာဂ်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ၂ရက်ကြာ အစည်းအဝေးတွင် ယူကရိန်း အကျပ်အတည်း၊ သမားရိုးကျ လက်နက်အုပ်ချုပ်ရေး နှင့် ကမ္ဘာ စိန်ခေါ်မှုသစ်များ ရင်ဆိုင်ဖြေရှင်းရေးနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ဂျာမဏီနိုင်ငံသည် ၂၀၁၆ခုနှစ် OSCEအဖွဲ့၏အလှည့်ကျသဘာပတိနိုင်ငံဖြစ် ကြောင်း၊ ၂၀၁၆ခုနှစ်တစ်နှစ်တာလုပ်ငန်းများတွင် ဆွေးနွေးပွဲတိုးမြှင့်ခြင်း၊ အပြန်အလှန် ယုံကြည်မှု ပြန်လည်ထူထောင်ခြင်း နှင့် လုံခြုံရေး ပြန်လည်ရရှိခြင်းတို့ အဓိက ပါဝင်ကြောင်း၊ သိရပါသည်။

   Webradio