• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လုံခြုံရေးကောင်စီ၏ အာလယ်ဖိုရေးရာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းဆိုင်ရာ တရုတ်၏ ရပ်တည်ချက်ကို ဆီးရီးယား ချီးကျူး

(GMT+08:00) 2016-12-09 09:52:53

ဆီးရီးယားနိုင်ငံ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး မူအာလယ်မ်သည် ဒီဇင်ဘာလ ၇ရက်နေ့က အလည်အပတ်ရောက်ရှိနေသော ဆီးရီးယားပြဿနာဆိုင်ရာ တရုတ် အထူး သံတမန် ရှေ့ရှော်ယန်းနှင့် တွေ့ဆုံခဲ့ရာတွင်၊ မကြာခင်ရက်များက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အာလယ်ဖိုအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ဆီးရီးယားနိုင်ငံက ချီးကျူးပြီး ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဒီဇင်ဘာလ ၅ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆီးရီးယားနိုင်ငံ အာလယ်ဖို အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ခဲ့ရာ၌ တရုတ်၊ ရုရှားနှင့် ဗင်နီဇွဲလားတို့သည် ကန့်ကွက်မဲပေးပြီး ယင်းမူကြမ်းကို အတည်မပြုခဲ့ ကြောင်း၊ သတင်းရရှိပါသည်။

   Webradio