• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသား တစ်ဦး ပါကစ္စတန် လေယာဉ်ပျက်ကျမှုတွင် သေဆုံး

(GMT+08:00) 2016-12-08 14:14:41

ယခုလ ၇ ရက်နေ့ ညနေပိုင်းက ဖြစ်ပွါးခဲ့သော ပါကစ္စတန် လေယာဉ် ပျက်ကျမှုတွင် တရုတ် နိုင်ငံသား တစ်ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ် သံရုံးက ၇ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၇ ရက်နေ့ ညနေပိုင်းက ပါကစ္စတန် လေကြောင်းကုမ္ပဏီပိုင် အင်ဂျင် နှစ်ခုတပ် ခရီးသည်တင်လေယာဉ် တစ်စင်းသည် ဟာဗီလျန် လေဆိပ်၌ ပျက်ကျ ခဲ့ကြောင်း၊ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၅ ဦး၊ လေဆိပ် အမှုထမ်း ၁ ဦးနှင့် ခရီးသည် ၄၂ ဦး အပါအဝင် စုစုပေါင်း လူ ၄၈ ဦး တင်ဆောင်ထားကြောင်း သတင်းရရှိပါသည်။

   Webradio