• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာလယ်ပိုပြန်လည်သိမ်းယူရေး ဆီးရီးယားသမ္မတပြောကြား

(GMT+08:00) 2016-12-08 14:13:15

      ဆီရီးယားသမ္မတ ဘာရှာရ် အာဆတ်က၊ မြောက်ပိုင်းအာလယ်ပိုမြို့ကို ထိထိ ရောက်ရောက်ပြန်လည်သိမ်းယူရေးသည်၊ ဆီးရီးယားအစိုးရအတွက် စစ်ရေးနှင့် နိုင်ငံရေး အတွက်အရေးကြီးသော အဓိပ္ပါယ်ရှိကြောင်း ယခုလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ သော အင်တာဗျူး တစ်ရပ်တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဘာရှာရ် အာဆတ်သည်၊ ဆီးရီးယား  Vatan gazetesi-သတင်းစာမှ သတင်း ထောက်နှင့် တွေ့ဆုံခဲ့ရာ၌၊ အာလယ်ပိုနှင့် ဒမတ်စကတ်မြို့တော်တို့သည်၊ ဆီးရီးယား နိုင်ငံရေးနှင့် စီးပွားရေးအတွက် အလွန်အရေးကြီးသောမြို့များဖြစ်ကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။

   Webradio