• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်တောင်ပိုင်းလေကြောင်းကုမ္ပဏီသည် နွေဦးပွဲတော်ပို့ဆောင်ရေးအတွက် လေကြောင်းလိုင်း ၇၃၀၀ တိုးပေး

(GMT+08:00) 2016-12-07 14:58:38

တရုတ်တောင်ပိုင်းလေကြောင်းကုမ္ပဏီမှ ယခုလ ၆ ရက်နေ့ကကြေညာချက်အရ ၂၀၁၇ခုနှစ် နွေဦးပွဲတော်ပို့ဆောင်ရေးစီမံကိန်းအရ လေကြောင်းလိုင်း ၇၃၀၀ တိုးပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်တောင်ပိုင်းလေကြောင်းကုမ္ပဏီသည် နွေဦးပွဲတော်အတွင်း လေယာဉ်လက်မှတ်ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

၂၀၁၇ခုနှစ် နွေဦးပွဲတော်ပို့ဆောင်ရေးသည် ဇန်နဝါရီလ ၁၃ ရက်နေ့မှစပြီး ဖေဖေါ် ဝါရီလ ၂၁ ရက်နေ့အထိ စုစုပေါင်းရက်၄၀ကြာသည်။ ခန့်မှန်းချက်အရ ယင်းရက်၄၀အတွင်း တရုတ်တောင်ပိုင်းလေကြောင်းကုမ္ပဏီသည် ခရီးသည် ၁၁ သန်းကို ပို့ဆောင်မည်ဟုသိရ သည်။

   Webradio