• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ စက္ကူဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2016-12-07 10:05:12

ယခုလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ စက္ကူဖြူစာတမ်းတွင်၊ တရုတ်တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးရေး သမိုင်း၊ တရုတ်ပြည်၏ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးရေး မူဝါဒ၊ ဆောင်ရွက်မှုများ၊ တိုင်းရင်းဆေးပညာ၏ သိပံ္ပပညာအရ တန်ဖိုးနှင့် ယဉ်ကျေးမှု ထူးခြားချက် ဝိသေသများကို စုံစုံလင်လင် ရေးသားဖေါ်ပြထားသည်။

တရုတ် နိုင်ငံတော် ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော်မတီ ဒုဥက္ကဋ္ဌ၊ နိုင်ငံတော် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဝမ်ကိုချန်က၊ တရုတ် တိုင်းရင်းဆေးပညာသည် အဖြစ်များသည့်ရောဂါများနှင့် နာတာရှည် ရောဂါများ ကုသရာတွင် ထူးခြားသော အာနိသင် ရှိသည့်အပြင် ဆေးဖိုးဝါးခလည်း သက်သာကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဝမ်ကိုချန်က၊ တရုတ်အစိုးရသည် တရုတ် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားပြီး တိုင်းရင်းဆေးပညာ အားပေးထောက်ခံရေး မူဝါဒများကို ကျင့်သုံးနေကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တစ်ပြည်လုံး တိုင်းရင်းဆေး ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးမှာ ယွမ်ငွေ ၇၈၆့ ၆ ဘီလီယံ ရှိပြီး ဆေးဝါး ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုး၏ ၃ ပုံ ၁ ပုံခန့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ကိုချန်က၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၈၆ ခုမှ အစိုးရများသည် တရုတ်နိုင်ငံနှင့် တရုတ်တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆိုပြီ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio