• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ စက္ကူဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2016-12-06 15:38:43

ယခုလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

စက္ကူဖြူစာတမ်းတွင်၊ တရုတ်တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးရေး သမိုင်း၊ တရုတ်ပြည်၏ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးရေး မူဝါဒများ၊ တိုင်းရင်းဆေးပညာ ဆက်ခံရေးနှင့် တိုးတက်ရေး၊ တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာ နိုင်ငံတကာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် အပိုင်း ၄ ပိုင်း ပါဝင်ထားသည်။

ယင်းစက္ကဖြူစာတမ်းတွင်၊ တရုတ်နိုင်ငံ၏ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခြေခံမူနှင့် အဓိက ဆောင်ရွက်မှုများမှာ လူ့ကို အရင်းခံအဖြစ် ထားပြီး တိုင်းရင်းဆေးပညာ ဆိုင်ရာ အောင်ကျိုးရလဒ်များကို ပြည်သူများ အတူ မျှဝေ ခံစားရေးကို စွဲကိုင်ခြင်း၊ အနောက်ဆေးပညာနှင့် တရုတ် တိုင်းရင်းဆေးပညာ တပြိုင်တည်း တိုးတက် လာအောင် ဆောင်ရွက်ခြင်း စသဖြင့် ပါဝင်ကြောင်း ရေးသားထားသည်။

ယင်းစက္ကဖြူစာတမ်းတွင်၊ မျက်မှောက်ကာလ၌ တရုတ် တိုင်းရင်းဆေးနှင့် တိုင်းရင်းဆေးပညာသည် ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၁၈၃ ခုသို့ ပျံ့နှံ့ပြီ ဖြစ်ပြီး တိုင်းရင်းဆေးပညာကို တစ်ကမ္ဘာလုံး၌ တိုးတက်ရန် တရုတ်နိုင်ငံက တွန်းအား ပေးနေကြောင်း ရေးသားဖေါ်ပြထားသည်။

   Webradio