• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခရီးသည်နှင့် ရင်းနှီးမြှုပ်နှံသူ ဆွဲဆောင်ရန် ကမ္ဘောဒီးယား ဆောင်ရွက်ချက်များ ပြုလုပ်

(GMT+08:00) 2016-12-05 15:06:23

ကမ္ဘောဒီးယား နိုင်ငံ စိမ်ရစ်ပြည်နယ် ခရီးသွား ဌာန ပညာရေးနှင့် လေ့ကျင့်ရေးရုံး ဥက္ကဋ္ဌ ဟူစိုဝီယာက တရုတ် ခရီးသည်သည် ကမ္ဘောဒီးယား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားသည့် တွန်းအားပေးမှု ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားသည် ပိုမိုများပြားသည့် တရုတ် ခရီးသည်များ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်ကြည့်ရှုရန် ဆွဲဆောင် နိုင်အောင် တရုတ် ခရီးသည်များကို ရည်ရွယ်ထားသော သီးသန့် မူဝါဒ ချမှတ် လျက်ရှိကြောင်း ၂ရက်နေ့က ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

လက်ရှိအချိန်တွင် တရုတ်ပြည် နန်နင်း၊ ဟိုင်ခို၊ ချုံချင့်နှင့် ထျန်ကျင်း အပါအဝင် မြို့များသည် ကမ္ဘောဒီးယား နိုင်ငံ စိမ်ရစ်သို့၊ သို့မဟုတ် ဖနွမ်ပင်သို့ ပျံသန်းသည့် တိုက်ရိုက် လေကြောင်းလိုင်းကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ စိမ်ရစ်ပြည်နယ်တွင် လှည့်လည်ခဲ့သော  တရုတ် ခရီးသည် ဦးရေမှာ ၅သိန်း၂သောင်းရှိကြောင်း၊ စိမ်ရစ်တွင် လှည့်လည်သော နိုင်ငံခြား ခရီးသည်များ၌ တရုတ် ခရီးသည် ဦးရေ အများဆုံး  ဖြစ်ကြောင်း စိမ်ရစ် ပြည်နယ် အစိုးရမှ စာရင်းအရ သိရသည်။

One Belt and Road တည်ဆောက်ရေး တွန်းအားပေးနေသည်နှင့် အမျှ ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်နှင့် ကမ္ဘာဒီးယား၏ စီးပွားကုန်သွယ်ရေးနှင့် ခရီးသွား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း၊ တရုတ်ကုမ္ပဏီများစွာသည် ကမ္ဘောဒီးယားသို့ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြောင်း သိရသည်။

 

   Webradio