• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ ခုနှစ် တရုတ်ပြည် နိုင်ငံခြားရေးလုပ်ငန်း တိုးတက်မှုများ ရရှိ

(GMT+08:00) 2016-12-05 08:50:12

     တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိက၊ ၂၀၁၆ ခုနှစ် အတွင်း တရုတ်ပြည်၏ နိုင်ငံခြားရေးလုပ်ငန်းတွင် နိုင်ငံတကာ စီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်းလဲမှု ဦးစီးခြင်း၊ အနီးပတ်ဝန်းကျင် တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ခြင်း၊ အမေရိကန်၊ ရုရှား စသည့် နိုင်ငံကြီးများနှင့် ဆက်ဆံမှု ထိန်းသိမ်းခြင်း၊ တောင်ပင်လယ် အချုပ်အခြာ အာဏာပိုင်မှု ထိန်းသိမ်းကာကွယ်ခြင်း၊ OBOR တွန်းအားပေးခြင်း စသည့် နယ်ပယ်များတွင် အရေးကြီး တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဌာနမှူး ချင်ဖင်ယင်က၊ တရုတ်ပြည် ဟန်ကျိုးမြို့၌ ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသည် ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် တွန်းအားပေးခဲ့ကြောင်း၊ ဟန်ကျိုး ထိပ်သီး အစည်းအဝေးတွင် တရုတ်နိုင်ငံသည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်သော ဖွံ့ဖြိုး တိုးတက်ရေး အသွင်ပုံစံကို တင်ပြခဲ့သည့်အပြင်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး အပါအဝင် အင်ဂျင်သစ် နှစ်ခုကိုလည်း တင်ပြခဲ့ကြောင်း၊ ဟန်ကျိုး ထိပ်သီး အစည်းအဝေးတွင် ကမ္ဘာ့စီးပွါးရေး တာလတ် တာရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ရှာတွေ့ပြီဟု မိမိ ယုံကြည်ပါကြောင်း သုံးသပ်ထားသည်။

၂၀၁၆ ခုနှစ်သည် တရုတ်နိုင်ငံက OBOR ကမ်းလှမ်းချက်ကို တင်ပြခဲ့သည့် ၃ နှစ်ပြည့် ဖြစ်ကြောင်း၊ ယခုအချိန်အထိ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်တို့သည် ယင်း ကမ်းလှမ်းချက်ကို အားပေးထောက်ခံပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်လာပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၄၀ ကျော်တို့နှင့် OBOR ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီ ဖြစ်ပြီး နိုင်ငံ ၃၀ ကျော်တို့နှင့် နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio