• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၈ နှစ်အတွင်း ပထမဆုံး ထုတ်လုပ်မှု လျှော့ချရေးစာချုပ်ကို အိုပက် အတည်ပြု

(GMT+08:00) 2016-12-02 12:40:36

အိုပက်ခေါ် ရေနံတင်ပို့ရောင်းချရေးအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်နေ့က ဗီယင်နာ မြို့၌ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပပြီး လွန်ခဲ့သည့် ၈ နှစ်အတွင်း ပထမဆုံး ထုတ်လုပ်မှု လျှော့ချရေး စာချုပ်ကို အတည်ပြုကာ နေ့စဉ် ရေနံ ထုတ်လုပ်မှု အစည် ၁၂ သိန်းကို လျှော့ချမည် ဖြစ်ကြောင်း၊ ယင်းသတင်း ကြားရပြီးနောက် နိုင်ငံတကာ ရေနံစိမ်း ကြိုရောင်းကုန် ဈေးနှုန်းသည် အရှိန်အဟုန် မြင့်တက်လာကြောင်း၊ ကျွမ်းကျင်ပညာရှင်များက၊ အိုပက်၏ ရည်ရွယ်ချက်သည် ရေနံ ဈေးနှုန်း တိုးမြှင့်ရန် ဖြစ်သော်လည်း ထုတ်လုပ်မှု လျှော့ချခြင်းသည် နိုင်ငံတကာ ရေနံစိမ်း ကုန်ဈေးနှုန်း အားနည်းနေသည့် အခြေအနေကို ပြုပြင်နိုင်မနိုင်မှာ မသျေချာသေးဟု သုံးသပ်ထားကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

၇ နာရီကြာ အစည်းအဝေး ကျင်းပပြီးနောက် အိုပက်အဖွဲ့သည် နေ့စဉ် ရေနံစိမ်း ထုတ်လုပ်မှု ပမာဏကို အများဆုံး စည်ရေ ၃၂၅ သိန်း အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယင်းစာချုပ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် တရားဝင် စတင် အာဏာတည်မည် ဖြစ်ပြီး၂၀၁၇ ခုနှစ် ဇွန်လ အထိ ကျင့်သုံးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ကာတာနိုင်ငံ စွမ်းအင်နှင့် စက်မှု ဝန်ကြီး စာဒါက၊ အင်ဒိုနီးရှား လွဲ၍ အိုပက် အဖွဲ့ဝင်များသည် ထုတ်လုပ်မှု လျှော့ချရန် ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ အိုပက် မဟုတ်သော ရေနံ ထုတ်လုပ်ရေး နိုင်ငံများသည်လည်း အိုပက်နှင့် နားလည်မှု ရရှိပြီ ဖြစ်ပြီး နေ့စဉ် ရေနံစိမ်း စည်ရေ ၆ သိန်းကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio