• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုင်ဆိုင်ခွင့်ဆိုင်ရာ ဘက်ပေါင်းစုံ စီမံခန့်ခွဲမှု စီမံကိန်း တရုတ် ပထမဆုံးအကြိမ် ထုတ်ပြန်

(GMT+08:00) 2016-12-01 14:28:04

တရုတ် အစိုးရသည် "ပိုင်ဆိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး စနစ် ကောင်းမွန်ပြည့်စုံ စေရေး၊ တရားဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ အကြံပေးချက်" ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်ဟု တရုတ် သတင်းဌာနနှင့် ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါထုတ်ပြန်ချက်သည် ပိုင်ဆိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ တရုတ်ပြည်၏ ပထမဆုံးအကြိမ် အဖြစ် ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲမှု ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ  ပြည်သူများ၏ အလေးထားချက်များကို တုံ့ပြန်ပြီး ပိုင်ဆိုင်ခွင့် ပြဿနာ (၈)ခုကို ဖြေရှင်းရန် ဖြစ်ကြောင်း သိရသည်။

၂၀၀၄ခုနှစ်က တရုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် "နိုင်ငံသား၏ တရားဝင်သော ပုဂ္ဂလိကပိုင် ဓနဥစ္စာကို မထိပါးရ"ဆိုပြီး ပထမဆုံး အကြိမ် ထည့်သွင်းရေးသား ထားသည်။ အဲဒိနောက်ပိုင်းတွင် ပစ္စည်းပိုင်ဆိုင်ခွင့် ဥပဒေ အပါအဝင် ဥပဒေများ ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ကျင့်သုံးခြင်းသည် တရုတ်ပြည်၏ ပိုင်ဆိုင်ခွင့် ထိန်းသိမ်းကာ ကွယ်ရေး စနစ်ကို အဆက်မပြတ် ကောင်းမွန်ပြည့်စုံလာစေခဲ့သည်။ သို့သော် သမိုင်း အကြောင်းရင်းကြောင့် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများတွင်ရော၊ ဥပဒေ ကျင့်သုံးဆောင်ရွက်မှုများတွင်ပါ မတူခြားနားသည့် ပိုင်ဆိုင်မှု စနစ် ဖြစ်သည့် ပိုင်ဆိုင် ခွင့်များ အပေါ် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ မညီမျှမှု ရှိနေသေးကြောင်း၊ အထူးသဖြင့် အများပိုင်ဆိုင်မှု စနစ် မဟုတ်သော ပိုင်ဆိုင်ခွင့်များ အပေါ် ထိန်းသိမ်းကာကွယ်မှုသည် အားနည်းနေသေးကြောင်း၊ ၄င်းအခြေ အနေမျိုးတွေကြောင့် တရုတ် အစိုးရက ယခုအကြိမ် ပိုင်ဆိုင်ခွင့် ဆိုင်ရာ ဘက်ပေါင်းစုံ စီမံခန့်ခွဲမှု စီမံကိန်း ထုတ်ပြန်ခဲ့ရာတွင် တန်းတူညီမျှခြင်းကို ပိုင်ဆိုင်ခွင့် ထိန်းသိမ်း ကာကွယ်ရေး၏ အရေးကြီး အခြေခံမူ တစ်ခု အဖြစ် ထားရှိသည်ဟု ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြသည်။

   Webradio