• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ခရီးသွားနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ ကုန်ပစ္စည်း စားသုံးမှု တိုးချဲ့မည်

(GMT+08:00) 2016-11-30 09:39:03

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ မကြာမီက ထုတ်ပြန်သော စာတမ်းအရ၊ တရုတ်အစိုးရသည် ခရီးသွား၊ ယဉ်ကျေးမှု၊ အားကစား၊ ကျန်းမာရေး၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး၊ ပညာသင်ကြားပို့ချရေး စသည့် လုပ်ငန်းနယ်ပယ်များတွင် ကုန်ပစ္စည်း စားသုံးမှုကို တိုးချဲ့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုနှစ် ပထမ ၁၀ လ အတွင်း တရုတ်ပြည် ကုန်ပစ္စည်း လက်လီ ရောင်းချမှု စုစုပေါင်း ပမာဏမှာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀့ ၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ယခုနှစ် ဇွန်လ လကုန်ပိုင်းအထိစာရင်းအရ တရုတ်ပြည်တွင် အင်တာနက် အသုံးပြုသူ ဦးရေမှာ ၇၁ ကုဋေ ရှိပြီး ဟန်းဖုန်း အင်တာနက် သုံးသူ ဦးရေမှာ ၆၅၆ သန်းခန့် ရှိပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင် အသက် ၆၀ ကျော် သက်ကြီးရွယ်အို ဦးရေမှာ ၂၂၂ သန်းကျော် ရှိပြီ ဖြစ်ပြီး တရုတ်ပြည် လူဦးရေ စုစုပေါင်း ပမာဏ၏ ၁၆့ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုဦးရေး တိုးများလာသည်နှင့်အမျှ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်းကို တိုးချဲ့ရန် လိုလားချက်လည်း တိုးလာ နေကြောင်း သတင်းရရှိပါသည်။

   Webradio