• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့တောင်အာရှ အင်တာနက် ကူးသန်းရောင်းဝယ်မှု အလားအလာ ကောင်းမွန်

(GMT+08:00) 2016-11-29 13:09:36

အရှေ့တောင်အာရှ နိုင်ငံများတွင် လူဦးရေ သန်း ၆၀၀ ကျော် ရှိပြီး စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်လည်း ကောင်းမွန်ကြောင်း၊ သို့သော် ၂၀၁၅ ခုနှစ်က အရှေ့တောင် အာရှ နိုင်ငံများတွင် အင်တာနက် လက်လီရောင်းချမှု ပမာဏမှာ လက်လီရောင်းချမှု စုစုပေါင်းပမာဏ၏ ၃ ရာခိုင်နှုန်းသာ ရှိပြီး သက်ဆိုင်ရာ စက်ကိရိယာများ တပ်ဆင်မှုလည်း ပြည့်ပြည့်စုံစုံ မရှိကြောင်း၊ နိုင်ငံတကာ အင်တာနက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကုမ္ပဏီများ၊ အီး စာရင်းရှင်း ကုမ္ပဏီများနှင့် ကုန်စည် စီးဆင်းမှု ကုမ္ပဏီများတို့သည် အရှေ့တောင်အာရှနိုင်ငံများတွင် ဈေးကွက် တိုးချဲ့ရန် ကြံဆနေကြကြောင်း တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာ၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ထားသည်။

တရုတ် အာလီဘာဘာ ကုမ္ပဏီအုပ်စုသည် ထိုင်းနိုင်ငံ ကုမ္ပဏီ  တစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အင်တာနက် စာရင်းရှင်းရေး ဝန်ဆောင်မှု ဖြစ်သည့် အာလီပိတ် အသုံးပြုမှုကို တိုးချဲ့ရန် စီစဉ်နေသည်ဟု မကြာမီက ကြေညာ ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် အာလီပိတ် စာရင်းရှင်း စနစ်ကို စင်ကာပူ၊ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်း စသည့်နိုင်ငံများတွင် လွှမ်းမိုး အသုံးပြုနေပါပြီ ဖြစ်ကြောင်း၊ အမေရိကန် အယ်မာစွန် ကုမ္ပဏီသည်လည်း ၂၀၁၇ ခုနှစ် ပထမ သုံးလပတ် အတွင် စက်ကာပူနိုင်ငံ၌ ဝက်ဘဆိုက် ဖွင့်လှစ် ထားရှိရန် အစီအစဉ် ရှိကြောင်း သတင်း ရရှိပါသည်။

   Webradio