• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ငွေကြေးစနစ်တွင် တရုတ်ယွမ်ငွေ အားသာချက် ဆက်လက် တည်မြဲ

(GMT+08:00) 2016-11-28 10:33:15

ယခုလောလောဆယ်တွင် တရုတ်ယွမ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း ပြောင်းလဲခြင်းကို အများတကာ အာရုံစူးစိုက်နေကြသည်။ ယခုလ ၂၇ ရက်နေ့က တရုတ် ပြည်သူ့ဘဏ် ဒုဥက္ကဋ္ဌ ယီကမ်းသည် တရုတ်ယွမ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း၊ အရန် နိုင်ငံခြားငွေ ပမာဏနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာ၌၊ နိုင်ငံတကာ ငွေကြေးစနစ်တွင် တရုတ်ယွမ်ငွေ အားသာချက် ဆက်လက် တည်မြဲနေကြောင်း ပြောကြားခဲ့သည်။

မစ္စတာ ယီကမ်းက၊ တရုတ်ယွမ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်း ပြောင်းလဲသည့် အဓိကအကြောင်းရင်းမှာ ထရန့်က အမေရိကန် သမ္မတ အဖြစ် အရွေး ခံရခြင်း၊ အမေရိကန် ဘဏ္ဍာရေးအဖွဲ့က အတိုးနှုန်း တိုးမြှင့်နိုင်ချေ ရုတ်တရက် တိုးလာခြင်း၊ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂမှ ထွက်ခွါခြင်း စသဖြင့် ရှိပြီး ယင်းအကြောင်းရင်းများသည် ကမ္ဘာ့ နိုင်ငံ အသီးသီး အဖို့ အားလုံး ယခင်က လျာထားသည် မဟုတ်ကြောင်း၊ ယခု လောလောဆယ်တွင် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် တရုတ်ယွမ်ငွေ တန်ဖိုး အနည်းငယ် ကျဆင်းသော်လည်း အခြားသော အမေရိကန်ဒေါ်လာ  မဟုတ်သည့် နိုင်ငံခြားငွေများနှင့် နှိုင်းယှဉ်ကြည်ပါက ကျဆင်းမှုနှုန်းမှာ အသင့်အတင့် နည်းသည် ဖြစ်သေးကြောင်း၊ ရေရှည် ရှုထောင့်မှ ကြည့်လျှင်လည်း တရုတ်ယွမ်ငွေ တန်ဖိုးသည် တည်ငြိမ်မှုထဲတွင် တက်နိုင်ရန် အရှိန် လက္ခဏာ ပေါ်လွင်လာကြောင်း ပြောကြားသည်။

ယီကမ်းက၊ ယခုလောလောဆယ်တွင် တရုတ်ပြည် အရန် နိုင်ငံခြားငွေ ပမာဏ အနည်းငယ် လျော့နည်းလာသော်လည်း ကမ္ဘာ့ အများဆုံး ဖြစ်မြဲ ဖြစ်နေသေးပြီး လွန်စွာ ဖူလုံသည်ဟု ဆိုနိုင်ပါကြောင်း ပြောကြားခဲ့သည်။

   Webradio