• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာနှစ်နိုင်ငံနိုင်ငံခြားရေးနှင့်ကာကွယ်ရေးအဆင့်မြင့်အရာရှိ ဆွေးနွေးပွဲမှပူးတွဲသတင်း ထုတ်ပြန်ချက်

(GMT+08:00) 2016-11-26 16:35:47

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်းကြီးဌာန(၂+၂)အဆင့်မြင့်ဆွေးနွေးပွဲကို၂၀၁၆ နိုဝင်ဘာလ ၂၅ရက်နေ့က နေပြည်တော်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Liu Zhenmin ၊တရုတ်ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီး Mr.Xu Fenlin နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့ ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်ဆွေးနွေးခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေထိစပ်နေသောအိမ်နီးချင်းကောင်းများဖြစ်ကြပြီး နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးသည်လည်းကောင်းမွန်လျက်ရှိသည်။ နှစ်နိုင်ငံသည် နယ်စပ်လုံခြုံရေးတည်ငြိမ်အေးချမ်းရေး၊ တရုတ်နိုင်ငံသည်မြန်မာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိရောက်သည့် အထောက်အကူပေးခြင်း၊ နှစ်နိုင်ငံပူးပေါင်းပြီး နယ်စပ်တရားမဝင် ဝင်၊ထွက်သွားလာရေးကိုတားဆီးနှိမ်နှင်းရေး၊ နှစ်နိုင်ငံပုံမှန်ကုန်သွယ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိးတိုးတက်ရေး စသည့်အကြောင်းအရာများကိုအပြန်အလှန်ဆွေးနွေးခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် နှစ်နိုင်ငံနယ်စပ်ဒေသ၏ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားပါသည်။ တရုတ်နိုင်ငံသည် လတ်တလော မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ၏တင်းမာနေသည့်အခြေအနေကိုအလျင်အမြန်ဖြေရှင်းစေချင်ပြီး တရုတ်-မြန်မာနယ်စပ်ဒေသသည် မူလတည်ငြိမ်သည့်အခြေနေကိုပြန်လည်ရောက်ရှိစေရန်တိုက်တွန်းပါသည်။

တရုတ်-မြန်မာ (၂+၂) ဆွေးနွေးပွဲမစတင်မှီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Liu Zhenmin နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဒုတိယဝန်ကြီး ဦးကျော်တင်တို့ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ၊ တရုတ်ဗဟိုစစ်ကော်မရှင်၊ကွန်မြူနစ်ပါတီဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Mr.Xu Fenlin နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့ ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၄ရက်နေ့တွင် (၂+၂)အစည်းအဝေးအတွက် သီးခြားကြိုတင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။တရုတ်-မြန်မာ(၂+၂)သည် နယ်စပ်ဒေသရေးရာစီမံရေး ကိုပိုမိုထိရောက်စွာ ပူးပေါင်းလုပ်ကိုင်နိုင်မည် ဟုရည်ရွယ်ပြီး ကြိုတင်တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် တရုတ်-မြန်မာ (၂+၂)အဆင့်မြင့်အရာရှိအစည်းအဝေးကို နှစ်စဉ် အလှည့်ကျကျင်းပပြီး ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၇တွင် တရုတ်နိုင်ငံကျင်းပမည်ဟု သဘောတူခဲ့ ကြသည်။

   Webradio