• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည် အဝေးပြေးကားလမ်းများ ဆင်းရဲသော ဒေသများသို့ ပေါက်ရောက်မည်

(GMT+08:00) 2016-11-25 12:20:45

တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနက၊ ၁၃ ခုမြောက် ငါးနှစ်စီမံကိန်းပါ လမ်းပန်းဆက်သွယ်ရေးနယ်ပယ် ဆင်းရဲမှု ပပျောက်ရေး ရည်မှန်းချက်အရ၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ တရုတ်ပြည် အဝေးပြေး ကားလမ်းများသည် အခြေခံအားဖြင့် ဆင်းရဲသော ဒေသများသို့ ပေါက်ရောက်မည် ဖြစ်ကြောင်း ယခုလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ၂၄ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တုန်းချမ်းက၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးသည် ဆင်းရဲသော ဒေသများ ဆင်းရဲမှု ပပျောက်စေရန် အခြေခံ ဖြစ်ကြောင်း၊ ယခုနှစ် ပထမ ၁၀ လအတွင်း တစ်ပြည်လုံး ကျေးလက်ဒေသများ၌ ကားလမ်း စုစုပေါင်း ကီလိုမီတာ ၂ သိန်း ၃ သောင်း ၆ ထောင်ကျော်ကို ဖေါက်လုပ်ပြီး တစ်နှစ်တာလုံး လုပ်ငန်းတာဝန်ကို လျာထားချိန်ထက် စောပြီး ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းတို့အနက် ဆင်းရဲသော ခရိုင် ၁၁၇၇ ခုတွင် ကားလမ်း ၁၆ ကီလိုမီတာခန့် ဖေါက်လုပ် ပြုပြင် မွမ်းမံပေးခဲ့ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

   Webradio