• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် တွန်အားပေးရန် အပြုသဘော ဆောင်သော အခန်းမှ ပါဝင်ဆောင်ရွက်လို

(GMT+08:00) 2016-11-23 10:15:36

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နိုင်ငံသည် မြန်မာပြည်ဘက်၏ ဆန္ဒအလျောက် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအား ပေးရန် အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ၂၂ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကင်စွမ်က၊ လက်ရှိအချိန်တွင် မြန်မာပြည် မြောက်ပိုင်း သက်ဆိုင်ရာဒေသများ၌ အကြိတ်အနယ် ပစ်ခတ်မှုများ ဖြစ်ပွါးခြင်း မတွေ့ရကြောင်း၊ နယ်စပ်နေ မြန်မာပြည်သူ ၃၀၀၀ ခန့်သည် ဘေးရှောင်ရန် တရုတ်ပြည်တွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ တရုတ် ဒေသခံ အစိုးရသည် ၄င်းတို့အား သင့်လျော်စွာ နေရာချထားပြီး ဒဏ်ရာ ရရှိသူများကိုလည်း တရုတ် ဆေးရုံသို့ ပို့ခဲ့ပြီ ဖြစ်ကြောင်း၊ စစ်ပွဲ ပြီးစီးပြီးနောက် မြန်မာ ပြည်သူပြည်သားများ ရပ်ရွာသို့ ဆောလျင်စွာ ပြန်နိုင်ရန် မိမိတို့ မျှော်လင့်ကြောင်း ပြောကြားသည်။

ကင်စွမ်က၊ တရုတ်နိုင်ငံသည် သံတမန်ရေးလမ်းကြောင်းဖြင့် မြန်မာပြည်ဘက်အား အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ အငြင်းပွါးရာ နှစ်ဖက်တို့ အနေနှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး သက်ဆိုင်ရာ စစ်ရေးဆောင်ရွက်မှုကို အမြန်ဆုံး ရပ်စဲနိုင်ရန်၊ နယ်စပ် အေးချမ်းရေး အမြန်ဆုံး ရရှိစေဖို့ ထိရောက်သော ဆောင်ရွက်မှုကို ပြုလုပ်ရန်နှင့် တရုတ်ပြည်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်စပ်နေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်သော ကိစ္စများ မဖြစ်ပွါးစေဖို့ ကာကွယ်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio