• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ မြောက်ပိုင်းဒေသ၌ ပစ်ခတ်မှု ပြန်လည် ဖြစ်ပွါး

(GMT+08:00) 2016-11-22 09:31:43

ယခုလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ အစိုးရတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်မှု တပိုင်းတစ ဖြစ်ပွါးနေသေးကြောင်း၊ ၂၀ ရက်နေ့က စတင်ခဲ့သော ပစ်ခတ်မှုမှာ ပြီးသွားပြီဟု မဆိုရသေးကြောင်း၊ ယင်းသည် မြန်မာ အစိုးရသစ် တွန်းအားပေးနေသော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အဟန့်အတား ဖြစ်နေပြီး မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကိုလည်း ပြင်းထန်စွာ ထိခိုက်နေကြောင်း ဆင်ဟွာ သတင်းဌာန၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသားထားသည်။

ယခုလ ၂၀ ရက်နေ့ နံနက် လင်းအားကြီးအချိန်ကစပြီး ကချင်၊ တအောင်၊ ကိုးကန့်နှင့် ရခိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အစိုးရတပ်ဖွဲ့၏ စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာအစိုးရ၏ ၂၀ ရက်နေ့ညက ထုတ်ပြန်သော ကြေညာချက်တွင် ပစ်ခတ်မှုများကြောင့် တပ်သား ၁ ဦး၊ ရဲ ၃ ဦး၊ အစိုးရကို ထောက်ခံသော ပြည်သူ့လက်နက်ကိုင်အဖွဲ့ဝင် ၁ ဦးနှင့် အရပ်သူအရပ်သား ၃ ဦိး သေဆုံးခဲ့သည်ဟု ဖေါ်ပြကြောင်း သတင်းရရှိပါသည်။

သက်ဆိုင်ရာအကဲခတ်များက၊ လက်နက်အင်အားဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ တိုင်ပင်ဆွေးနွေးပွဲကို စွဲကိုင်ခြင်းနှင့် နိုင်ငံရေး နည်းလမ်းဖြင့် အငြင်းပွါးမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံ ရေရှည် ငြိမ်းချမ်းရေး ဖေါ်ဆောင်စေရန် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်ချက်ပင် ဖြစ်ကြောင်း သုံးသပ်ထားသည်။

   Webradio