• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အေပက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2016-11-21 09:49:58

အေပက်အဖွဲ့ ၂၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ၂၀ ရက်နေ့က ပီရူးနိုင်ငံ လီမာမြို့တော်၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် အေပက်အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များသည် ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်ရေး၊ အာရှ ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ အပြန်အလှန် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စများနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ယခုအကြိမ် အစည်းအဝေးတွင် လီမာ ကြေညာစာတမ်းကို ထုတ်ပြန်ပြီး အာရှ ပစိဖိတ်ဒေသ လွတ်လပ်သောကုန်သွယ်ရေးဇုန်ဆိုင်ရာ စုပေါင်း မဟာဗျူဟာ လေ့လာရေး အစီရင်ခံစာကို အတည်ပြုခဲ့သည်။

အစည်းအဝေးမှ ထုတ်ပြန်သော လီမာ ကြေညာစာတမ်းတွင်၊ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသား ဖွံ့ဖြိုးတိုးတက်ရေး၊ မျက်မှောက် နိုင်ငံတကာ ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ၊ အာရှ ပစိဖိတ်ဒေသတွင် အကျိုးဖြစ်ထွန်းနိုင်သော အပြန်အလှန် ဆက်သွယ်မှု ထူထောင်ရေး၊ စားနပ်ရိက္ခာ လုံခြုံဖူလုံရေး၊ ရာသီဥတု ပြောင်းလဲရေးနှင့် ရေအရင်းအမြစ် ရရှိရေး စသဖြင့် ပါဝင်ထားသည်။

 လီမာ ကြေညာစာတမ်းတွင် အာရှ ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဆိုင်ရာ စုပေါင်း မဟာဗျူဟာ လေ့လာရေး အစီရင်ခံစာကို အတည်ပြုခဲ့ပြီး နောက်ဆုံးတွင် အာရှ ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ရန် ကတိခံဝန်ချက်ကို ထပ်လောင်း အတည်ပြု ဖေါ်ပြခဲ့သည်။

   Webradio