• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်တာနက် အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို လူအများက ထောက်ခံအားပေး

(GMT+08:00) 2016-11-18 10:30:39

ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက တတိယ အကြိမ်မြောက် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် ဝူးကျင့်မြို့၌ ဖွင့်လှစ်ခဲ့သည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းနား၌ ဗီဒီယိုဖရီကွင့်ဆီမှတဆင့် မိန့်ခွန်း ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် နိုင်ငံတကာမိသားစုကြီးနှင့် လက်တွဲပြီး အင်တာနက်လုပ်ငန်း တန်းတူရည်တူ အပြန်အလှန် လေးစားရေး၊ ဆန်းသစ် ဖွံ့ဖြိုးရေး၊ တံခါးဖွင့် အတူမျှဝေခံစားရေးနှင့် လုံခြုံပြီး စနစ်တကျ ဖြစ်စေရေး ရည်မှန်းချက်များ ဖေါ်ဆောင် စေရန် တွန်းအားပေးလိုပါကြောင်း၊ အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

အာလီဘာဘာ ကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ မာယွင်က၊ နိုင်ငံတကာ အင်တာနက် ကံကြမ္မာ အသိုက်အဝန်း လက်တွဲ ထူထောင်ခြင်း အဆိုပြုချက်မှာ တရုတ်နိုင်ငံက နိုင်ငံတကာ အင်တာနက်နှင့် နည်းပညာ၏ အနာဂတ်ရေးအပေါ် တာဝန်ဝတ္တရား ထမ်းဆောင်နေသည်ဟု ပြသနေကြောင်း ပြောကြားခဲ့သည်။

စီနာ ကုမ္ပဏီအုပ်စု ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဆော်ကိုဝေက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အင်တာနက် အချုပ်အခြာအာဏာပိုင်ခွင့် အတွေးအခေါ်ကို စွဲကိုင်ရမည်ဟု ပြောကြား ခဲ့ကြောင်း၊ နိုင်ငံအသီးသီးတို့၏ မတူသည့် ဖွံ့ဖြိုးရေး အချိန်ကာလတွင် ကျင့်သုံးသော မတူခြားနားသော စီမံအုပ်ချုပ်မှုပုံစံကို လေးစာရမည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

   Webradio