• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယ အကြိမ်မြောက် နိုင်ငံတကာ အင်တာနက် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2016-11-17 10:12:47

တတိယ အကြိမ်မြောက် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို ၁၆ ရက်နေ့က တရုတ်ပြည် ဝူးကျင့်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသ ၁၁၀ ကျော်မှ အစိုးရ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အင်တာနက် လုပ်ငန်းကုမ္ပဏီများမှ ခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း လူ ၁၆၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို ဖရီကွင့်ဆီမှ တဆင့် မိန့်ခွန်း ပြောကြားပြီး အင်တာနက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။ အစည်းအဝေး တက်ရောက်သူများက၊ မျက်မှောက်ကာလတွင် နိုင်ငံတကာ အင်တာနက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ ကာလသစ်သို့ ဝင်ရောက်ပြီ ဖြစ်ပြီး စိန်ခေါ်မှု အမျိုးမျိုးကို လက်တွဲ ရင်ဆိုင်ဖြေရှင်း၍ အင်တာနက် အပြန်အလှန် ဆက်သွယ်ရေးနှင့် အတူ မျှဝေ စီမံခန့်ခွဲရေးတို့ကို တွန်းအားပေးရမည်ဟု ယူဆခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို ဖရီကွင့်ဆီ မှတဆင့် မိန့်ခွန်း ပြောကြားခဲ့သည်။ ကမ္ဘာဒီးယား ဒုဝန်ကြီးချုပ်၊ နိုကီယာ ကုမ္ပဏီ အုပ်စု တာဝန်ရှိပုဂ္ဂိုလ်၊ အမေရိကန်နိုင်ငံ တူလင်ဆု ရသူနှင့် တရုတ် အာလီဘာဘာ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ မာယွင်တို့သည်လည်း မိန့်ခွန်း အသီးသီး ပြောကြားခဲ့ကြသည်။

တရုတ် အင်တာနက် သတင်းအချက်အလက်စင်တာမှ ထုတ်ပြန်သော အစီရင်ခံစာ အရ ၂၀၁၆ ခုနှစ် ဇွန်လအထိ စာရင်းအရ တရုတ်နိုင်ငံတွင် အင်တာနက် အသုံးပြုသူ ဦးရေမှာ သန်း ၇၁၀ ရှိပြီ ဖြစ်ပြီး ယင်းတို့အနက် ဟန်းဖုန်း အင်တာနက် အသုံးပြုသူ ဦးရေမှာ ၆၅၆ သန်းခန့် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio