• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယအကြိမ်မြောက် နိုင်ငံတကာ အင်တာနက် အစည်းအဝေး ကျင်းပ

(GMT+08:00) 2016-11-16 09:55:38

တတိယ အကြိမ်မြောက် နိုင်ငံတကာ အင်တာနက် အစည်းအဝေးကို ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ပြည် ဝူကျင့်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် - ဆန်းသစ်တီထွင်ရေးကို တွန်းအား အဖြစ်ထားပြီး လူသားအတွက် အကျိုးဆောင်ပေးခြင်း၊ အင်တာနက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ခြင်း - ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယိုဖရီကွင့်ဆီဖြင့် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

တရုတ် နိုင်ငံတော် အင်တာနက် သတင်းအချက်အလက်ရေးရာရုံး ဒုဥက္ကဋ္ဌ ရင့်ရှန်လျန်က၊ ယခုအကြိမ် အစည်းအဝေးတွင် အင်တာနက်ကို အားကိုးပြီး ဆန်းသစ်တီထွင်ရေးကို တွန်းအားပေးခြင်းကို အဓိကထား ဆွေးနွေးမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ပြည်သူများကို အင်တာနက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွါးများကို မျှဝေ ခံစားစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အလျင်မြန်ဆုံးသောနိုင်ငံ ဖြစ်ကြောင်း သိရပါသည်။

   Webradio