• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် တရုတ်ပြည် စီးပွါးရေး တိုးတက်မှုနှုန်း ၆့  ၅ ရာခိုင်နှုန်းကျော် ရှိနိုင်

(GMT+08:00) 2016-11-15 10:26:46

တရုတ် နိုင်ငံတော် စာရင်းအင်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်ရှိန်ယုံက၊ တရုတ်ပြည် စီးပွါးရေးသည် ဆက်လက် မြန်မြန်မှန်မှန် တိုးတက်လာနေကြောင်း၊ တစ်နှစ်တာလုံး စီးပွါးရေး တိုးတက်နှုန်းမှာ ၆့  ၅ ရာခိုင်နှုန်းကျော် ရှိနိုင်မှာ သေချာကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ မကြာမီက ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် အောက်တိုဘာလအတွင်း တစ်ပြည်လုံး အတိုင်းအတာ အသင့်အတင့် ကြီးမားသော စက်မှုလုပ်ငန်းများ တိုးတက်မှုပမာဏမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလကထက် ၆့  ၁ ရာခိုင်နှုန် တိုးလာကြောင်း၊ စက်ရုံအလုပ်ရုံများ၏ အမြတ်အစွန်း ဆက်လက် တိုးတက် ကောင်းမွန်လာကြောင်း၊ စားသုံးကုန် လက်လီ ရောင်းချမှုပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၃၁၀၀ ရှိကာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလကထက် ၁၀ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။

မစ္စတာ မောင်ရှိန်ယုံက၊ လက်ရှိ တိုးတက်မှုအရှိန်အဟုန်အရ ယခုနှစ် တတိယ သုံးလပတ် အတွင်း စီးပွါးရေး ဆက်လက် မြန်မြန်မှန်မှန် တိုးတက်သွားမည် ဖြစ်ပြီး တစ်နှစ်တာလုံး တိုးတက်နှုန်း ၆့  ၅ ရာခိုင်နှုန်း ဖြစ်သည့် ရည်မှန်းချက်ကို ဖေါ်ဆောင်နိုင်မှာ သေချာကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မောင်ရှိန်ယုံက၊ လက်ရှိအချိန်တွင် တရုတ်ပြည် စီးပွါးရေး လည်ပတ်မှုတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသေးကြောင်း၊ ပြည်တွင်း ပြည်ပ ပတ်ဝန်းကျင် ရှုပ်ထွေးနေသေးကြောင်း၊ နောင်တွင် မူဝါဒများကို ပိုမို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

   Webradio