• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အီကွေဒိုး၊ ပီရူးနှင့် ချီလီသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2016-11-11 09:06:00

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ အထိ အီကွေဒိုး၊ ပီရူးနှင့် ချီလီ နိုင်ငံသို့ ခရီးလှည့်လည်မည် ဖြစ်ပြီး ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပသော အေပက်အဖွဲ့ ၂၄ အကြိမ် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့လည်း တက်ရောက်မည်။

တရုတ် နိုင်ငံခြားရေးနှင့် စီးပွါးကုန်သွယ်ရေး အဆင့်မြင့်အရာရှိများက၊ ယခုအကြိမ် ခရီးစဉ်တွင် တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများသည် နိုင်ငံချင်း သဘောတူညီမှုများကို ရရှိမည် ဖြစ်ပြီး တရုတ်-ပီရူးနှင့် တရုတ်-ချီလီ လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရန် ရှိကြောင်း၊ အေပက် အစည်းအဝေး အတွင်း တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့် အာရှ ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးကိုလည်း တွန်းအားပေးမည် ဖြစ်ကြောင်း ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပသော အေပက်အဖွဲ့ ၂၄ အကြိမ် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး၏ ဆောင်ပုဒ်သည် အရည်အသွေးမြင့် ဖွံ့ဖြိုးမှုနှင့် လူသား၏ တိုးတက်မှု ဖြစ်ပြီး စီးပွါးရေးအုပ်စုများမှ ခေါင်းဆောင်တို့သည် ဒေသတွင်း တပြေးညီ ဖြစ်ရေး၊ အာရှ ပစိဖိတ်ဒေသ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ အပြန်အလှန် ဆက်သွယ်ရေး၊ ဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး စသဖြင့်ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio