• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ရှင်ကျိုး အမှတ်-၁၁ အာကာသယဉ်မှူးနှင့် စကားပြော

(GMT+08:00) 2016-11-10 11:01:57

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၉ ရက်နေ့က တရုတ် လူပါ အာကာသ လုပ်ငန်း ကွပ်ကဲရေးဌာနသို့ သွားရောက်ပြီး ထျန်းကုန်း အမှတ်-၂ အာကာယဉ်၌ အလုပ်တာဝန် ထမ်းဆောင်နေသော ရှင်ကျိုးအမှတ်-၁၁ အာကာသယဉ်မှူးနှင့် စကား ပြောကြကြောင်း၊ ရှီကျင့်ဖိန်သည် အာကာသယဉ်မှူး နှစ်ယောက်အား နှုတ်ခွန်းဆက်သပြီး ၄င်းတို့ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ရန် မျှော်လင့်သည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

၉ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် ရှီကျင့်ဖိန်သည် လူပါအာကာသလုပ်ငန်း ကွပ်ကဲရေးဌာန၌ အာကာယဉ်မှူး ကျင်ဟိုင်ဖိန်နှင့် ချင်တုံးတို့ စက်ရုပ်နှင့်အတူ ကမ္ဘာပတ် လမ်းကြောင်းတွင် ပြုပြင်မွမ်းမံ နည်းပညာ စမ်းသပ်မှု ပြုလုပ်ခြင်းကို ကြည့်ရှုခဲ့ကြောင်း၊ ယင်းစမ်းသပ်မှုသည် ကမ္ဘာ့ ပထမဆုံးအကြိမ် ဖြစ်ပြီး လူနှင့် စက်ရုပ် ညှိနှိုင်း လုပ်ဆောင်မှု အသွင်ပုံစံကို စူးစမ်းလေ့လာပြီး အာကာသ စက်ရုပ်ဖြင့် ကမ္ဘာပတ်လမ်းကြောင်း၌ ဝန်ဆောင်မှု ပေးခြင်းအတွက် အတွေ့အကြုံများ စုဆောင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

၎င်းတို့ နည်းပညာ စမ်းသပ်မှုကို ကြည့်ရှုပြီးနောက် ရှီကျင့်ဖိန်သည် အာကာသ၌ ၂၂ ရက်ကြာ နေပြီး ဖြစ်သည့် အာကာသယဉ်မှူး နှစ်ယောက်နှင့် စကားပြောကြကြောင်း၊ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ ဗဟို စစ်ရေး ကော်မရှင်ကိုယ်စား၊ တရုတ်ပြည်သူများ ကိုယ်စား ၄င်းတို့အား နှုတ်ခွန်းဆက်သကြောင်း သတင်းရရှိပါသည်။

   Webradio