• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှင်ဇိုအာဘေးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2016-11-03 13:56:29

ဂျပန် နိုင်ငံတွင် ခရီးလှည့်လည်နေသော မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၂ရက်နေ့ညက ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဇောက်ချပြုလုပ်ခြင်းနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံအား စုစုပေါင်း ပမာဏ ဂျပန် ယန်းငွေ ဘီလီယံ ၈၀၀ဖိုးရှိသော ထောက်ပံ့မှုကို ပေးအပ်မည်ဟု ကတိပြုကြောင်း  သိရသည်။

အကဲခတ်များက ဂျပန် ကုမ္ပဏီများသည် စီးပွားရေး ကူညီထောက်ပံ့မှုဖြင့် မြန်မာ နိုင်ငံ အပေါ် နိုင်ငံရေး သြဇာသက်ရောက်မှုကို တိုးပွားစေရန် ရည်ရွယ်ကြောင်း ယူဆကြသည်။

မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ၁ရက်နေ့က တိုကျိုမြို့သို့ ရောက်ရှိပြီး ၅ရက်ကြာ ဂျပန် ခရီးစဉ်ကို စတင်လှည့် လည်ခဲ့ကြောင်း၊ ယင်းသည် ယခုနှစ် မတ်လက မြန်မာ အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ စတင် အာဏာ ကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်း စုကြည်၏ ပထမအကြိမ် ဂျပန် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

   Webradio