• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒူတယ်တေ၏ တရုတ်ခရီးစဉ် အောင်မြင်မှုများသည်ဟု ဖိလစ်ပိုင် ပုဂ္ဂိုလ်များ ဆို

(GMT+08:00) 2016-11-01 10:31:31

ဖိလစ်ပိုင် သမ္မတ ဒူတယ်တေသည် မကြာမီက တရုတ်ပြည်သို့ တရားဝင် ခရီး လှည့်လည် ခဲ့သည်။ တရုတ်နိုင်ငံသည် ဒူတယ်တေ သမ္မတ တာဝန် ထမ်းဆောင်သည့် သုံးလကျော် ပြီးနောက် ခရီးလှည့်လည်သော ပထမဦးဆုံးသောနိုင်ငံ ဖြစ်သည်။ ဖိလစ်ပိုင် ပညာရှင်များနှင့် အစိုးရ အရာရှိများသည် ဒူတယ်တေ၏ ခရီးစဉ်ကို မြင့်များစွာ ချီးကျူး သုံးသပ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံမှု၏ အလားအလာအပေါ် အကောင်ဖက်မှ ရှုမြင်လိုသည်ဟု အသီးသီး ဖေါ်ပြကြသည်။

ဖိလစ်ပိုင်တက္ကသိုလ် အာရှရေးရာဌာနမှ ပါမောက္ခ အယ်လင်က၊ ဒူတယ်တေ၏ တရုတ် ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် ပိုမိုအပြုသဘောဆောင်သော ဆက်ဆံမှု ထူထောင်ရေးအတွက် အကျိုးပြုမည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံတို့ ချုပ်ဆို ခဲ့သော ပူးပေါင်းဆောင်ရွက်ရေး စာတမ်း ၁၃ ရပ်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်ခြင်းသည် ဖိလစ်ပိုင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များ အကျိုးစီးပွါး ခံစား စေနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

ဖိလစ်ပိုင် စတာ့ သတင်းစာမှ ကော်လန် စာရေးဆရာ လီထျန်ရုံသည် ယခုအကြိမ် ဒူတယ်တေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ ၄င်းက၊ သမ္မတ ဒူတယ်တေ၏ ယခုအကြိမ် ခရီးစဉ်တွင် စီးပွါးရေးအရရော၊ နိုင်ငံရေးအရပါ အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ မိမိသည် တရုတ် ခေါင်းဆောင်များနှင့် ပြည်သူများ၏ ချစ်ကြည်ရေးနှင့် စိတ်ရင်းစေတနာကို ကိုယ်တွေ့မျက်မြင်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု ဖြစ်ပြီး ကုန်ပစ္စည်း စားသုံးမှု ဈေးကွက် ကြီးမားကာ နှစ်နိုင်ငံ စီးပွါးရေး ဖွံ့ဖြိုးမှုတွင် အပြန်အလှည် ဖြည့်စွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio