• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မလေးရှား၏ မိတ်ဆွေအစစ်နှင့် မဟာဗျူဟာမိတ်ဖက် ဖြစ်သည်ဟု မလေးရှား ဝန်ကြီးချုပ် ဆို

(GMT+08:00) 2016-10-31 09:48:46

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်က၊ တရုတ်နိုင်ငံသည် မလေးရှား၏ မိတ်ဆွေအစစ်နှင့် မဟာဗျူဟာမိတ်ဖက် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်သစ်သို့ တိုးမြှင့်ရန် မိမိ အစွမ်းကုန် ကြိုးပမ်းမည် ဖြစ်ကြောင်း တရုတ်ပြည် ခရီးစဉ် မစတင်မီ ဆင်ဟွာသတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

နာဂျစ်ဘ်သည် တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ ယခုလ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နာဂျစ်ဘ်က၊ ၂၀၁၅ ခုနှစ် မတ်လက ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် မိမိနှင့် တွေ့ဆုံရာတွင် တရုတ်-မလေးရှား ဆက်ဆံမှုသည် သမိုင်း၌ အကောင်းဆုံး ကာလ၌ တည်ရှိနေသည်ဟု ပြောခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဝန်ကြီးချုပ် လီခေ့ချန်က မလေးရှားသို့ ခရီးလှည့်လည်စဉ်အတွင်း တရုတ်နှင့် မလေးရှားတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်း၊ မိတ်ဆွေကောင်း ဖြစ်သည်ဟု ပြောခဲ့ကြောင်း၊ မိမိအမြင် အနေနှင့် နှစ်နိုင်ငံ ဆက်ဆံမှုသည် ထူးချွန်ကာလ တစ်ရပ်သို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

နာဂျစ်ဘ်က၊ ၂၀၁၃ ခုနှစ်က နှစ်နိုင်ငံဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံတို့သည် ပညာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွား၊ ကာကွယ်ရေးနှင့် လုံခြုံရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားသော တိုးတက်မှုများကို ရရှိခဲ့ကြောင်း ပြောကြားသည်။

   Webradio