• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ စီမံကျပ်မတ်ရေး အဆင့်ကာလသစ်သို့ ဝင်ရောက်

(GMT+08:00) 2016-10-28 09:16:17

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၂၇ ရက်နေ့က ပီကင်း၌ ရုပ်သိမ်းခဲ့သည်။ ယခုအကြိမ် အစည်းအဝေးတွင်  အခြေအနေသစ်တွင် ကွန်မြူနစ်ပါတီ နိုင်ငံရေးအစီအစဉ်များဆိုင်ရာ မူများ၊ ကွန်မြူနစ်ပါတီအတွင်းပိုင်း ကျပ်မတ်ရေး စည်းမျဉ်း အပါအဝင် ပါတီ တင်းကျပ်စွာ စီမံ ကျပ်မတ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာတမ်း နှစ်ရပ်ကို အတည်ပြုခဲ့သည်။ အစည်းအဝေးတွင် ပါတီ တစ်ရပ်လုံး အနေနှင့် ရဲဘော် ရှီကျင့်ဖိန်က အမြုတေအဖြစ်ထားသည့် ပါတီ ဗဟိုကော်မတီနှင့် သိပ်သည်းစွာ သွေးစည်းညီညွတ်ပြီး ပါတီ စီမံကျပ်မတ်မှု တင်းကျပ်စွာ ဆောင်ရွက်ရေးကို ဆက်လက် တွန်းအားပေးကာ ပြည်သူများအား ဦးဆောင်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လုပ်ငန်းကို အဆက်မပြတ် ထူထောင်ရန် လှုံ့ဆော်ထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းကမ်း ကြီးကြပ်ရေးကော်မတီနှင့် အဆင့်ဆင့်သော စည်းမျဉ်းစည်းကမ်း ကြပ်မတ်ရေး ဌာနများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို တင်းကျပ်စွာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ တစ်ပြည်လုံးမှ စည်းမျဉ်းစည်းကမ်း ကြပ်မတ်ရေးဌာနများ၏ အမှုပြုမှု ပမာဏမှာ ၁ သန်း ၁ သောင်း ၈၀၀ ကျော် ရှိပြီး ကေဒါခေါင်းဆောင် လူ ၁ သန်းကျော်ကို အရေးယူခဲ့သည်။ ပါတီ စည်းမျဉ်း ၅၀ ကျော်ကို ထုတ်ပြန် သို့မဟုတ် ပြင်ဆင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်သော တရုတ်ကွန်မြူနစ်ပါတီ စည်းကမ်းဖေါက်ဖျက်မှု အရေးယူမှု စည်းမျဉ်းသည် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့်နောက်ပိုင်း အတင်းကျပ်ဆုံးသော စည်းမျဉ်းစည်းကမ်းပင် ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ယူဆကြသည်။ ယခုအကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့သော ကွန်မြူနစ်ပါတီအတွင်းပိုင်း ကျပ်မတ်ရေး စည်းမျဉ်းတွင် ပါတီ အတွင်းပိုင်း ကြပ်မတ်ခြင်းသည် ပိတ်ပင်ဇုန် မရှိကြောင်း၊ ခြွင်းချန်ချက် မရှိကြောင်းလည်း ရေးသားသတ်မှတ်ထားသည်။

   Webradio