• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒူတာတယ်၏ တရုတ်ပြည် ခရီးစဉ် အပေါ် ဖိလစ်ပိုင် ပညာရှင်နှင့် အရာရှိများ ချီးကျူး

(GMT+08:00) 2016-10-27 14:47:26

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်သည် ယခုလ ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ တရုတ်ပြည်သည် သမ္မတ ဒူတာတယ် ခရီးလှည့်လည်သည့် ပထမဆုံး အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံ ဖြစ်ကြောင်း၊ ဖိလစ်ပိုင် ပညာရှင်နှင့် အရာရှိများသည် ယခုအကြိမ် ခရီးစဉ် အပေါ် လွန်စွာ ချီးကျူးကြောင်း စီအာအိုင်နှင့် ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ဖိလစ်ပိုင် နိုင်ငံရေးနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး သုတေသနဌာန အမြဲတမ်း ဌာနမှူး ရာမွန် ကာစီပယ်က သမ္မတ ဒူတာတယ်၏ တရုတ်ပြည် ခရီးစဉ်သည် အလွန် အောင်မြင်ကြောင်း၊ နှစ်နိုင်ငံသည် ရည်မှန်းချက်ကို ကိုယ်စီ အကောင်အထည်ဖော် ခဲ့ကြောင်း၊ ဖိလစ်ပိုင်-တရုတ် ဆက်ဆံမှုသည် အာကီနို အစိုးရ အချိန်တွင် အရေးနိမ့်သွားခဲ့ ကြောင်း၊ ဒူတာတယ် ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ဆက်ဆံမှုကို ပုံမှန် ပြန်ဖြစ်လာစေရန်ပင် ဖြစ်ကြောင်း၊ ၄င်းရည်မှန်းချက်ကို အကောင် အထည်ဖော်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားသည်။ ၄င်းက တစ်ဖက်က နှစ်နိုင်ငံ၏ စီးပွားရေး ဆက်ဆံမှုသည် ပုံမှန်ပြန်ဖြစ်လာပြီး ရင်းနှီးမြှုပ်နှံရေး သဘောတူ စာချုပ်များကို ချုပ်ဆို ခဲ့ကြောင်း၊ နောက်တစ်ဖက် ကတော့ ဖိလစ်ပိုင်သည် အမေရိကန်ကို အမြဲ နောက်လိုက်ခြင်း မူဝါဒကို ပြောင်းလဲစေခဲ့ကြောင်း ပြောကြားသည်။

ဖိလစ်ပိုင် တက္ကသိုလ် အာရှ စင်တာ တရုတ်ရေးရာ ပညာရှင် အိုင်လင်း ဘာဗီအေရာ က ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေး အတွက် တာလတ်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရည်မှန်းချက် တစ်ခုကို ချမှတ်ရန် လိုကြောင်း ပြောကြားသည်။

ဖိလစ်ပိုင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး အာသာ တူဂါဒေက တူတာတယ်၏ တရုတ်ပြည် ခရီးစဉ်သည် ဖိလစ်ပိုင် အတွက် အလုပ်အကိုင်နေရာ များစွာ ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio