• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအကျိုးသက်ရောက်မှု ရှိမည်ဟု ဦးဝဏ္ဏမောင်လွင်ဆို

(GMT+08:00) 2016-10-25 15:48:38

မြန်မာနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ၂၄ ရက်နေ့က တရုတ် ယူနန်တက္ကသိုလ်၌ မိမိ၏နိုင်ငံခြားရေးအတွေ့အကြုံနှင့် မိမိ၏ တရုတ်-မြန်မာ ဆက်ဆံရေး အမြင် ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေးရှိကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုစသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်တွင် ပိုမို အကျိုးသက်ရောက်မှုရှိမည်ဟု မိမိ ယုံကြည်ကြောင်း ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သြဇာညောင်းမှုနှင့် ဖွံ့ဖြိုးမှုအလားအလာ အရှိဆုံးသော တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံအကြား တည်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါနှစ်နိုင်ငံကို အတုယူရပြီး အထူးသဖြင့် တရုတ်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အတွေ့အကြုံများကို လေ့လာအတုယူရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှကို ဆက်နွယ်သော ကုန်းတွင်း ဗဟိုအချက်အချာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ တွန်းအားပေးနေတဲ့ One Belt and Road စီမံကိန်းတွင် မြန်မာနိုင်ငံသည် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးရေး အခွင့်အလမ်းကို ကြုံတွေ့မည်ဖြစ်ကြောင်း ပြောကြာသည်။

၎င်းက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးသည် နိုင်ငံခြားရေးပေါ်လစီများအပေါ် ဂယက်ရိုက်ခတ်မှုရှိနိုင်သော်လည်း မိမိတို့သည် နိုင်ငံအသီးသီး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေး ဆက်ဆံမှု စွဲကိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်ဆက်ဆံရေးသည် ပိုမို ကောင်းမွန်အောင် ဖွံ့ဖြိုးမည်ဟု မိမိ ယုံကြည်ကြောင်းလည်း ပြောကြားသည်။

   Webradio