• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်တွင် ဖိလစ်ပိုင် သမ္မတ ခရီးလှည့်လည်

(GMT+08:00) 2016-10-25 15:32:40

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်သည် ၂၅ရက်နေ့တွင် ဂျပန်၌ ၃ရက်ကြာ တရားဝင် ခရီးစဉ်ကို စတင် လှည့်လည်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဂျပန် မီဒီယာများသည် ဒူတာတယ်၏ ယခုအကြိမ် ခရီးစဉ် အပေါ် အလွန် အာရုံစိုက်ကြကြောင်း၊ ၂၅ရက်နေ့တွင် ဒူတာတယ်သည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီရှီဒါနှင့် တွေ့ဆုံနှုတ်ဆက်မည် ဖြစ်ပြီး ၂၆ရက်နေ့တွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံနှုတ်ဆက်မည် ဖြစ်ကြောင်း ၂၆ရက်နေ့ညတွင် ရှင်ဇိုအာဘေးသည် သမ္မတ ဒူတာတယ်ကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ကြောင်း၊ ၂၇ရက်နေ့တွင် ဒူတာတယ်သည် ဂျပန် ဧကရာဇ်ကို သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း၊ ဂျပန် ခရီးစဉ် အတွင်း သမ္မတ ဒူတာတယ်သည် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ တာဝန်ခံများနှင့် တွေ့ဆုံနှုတ်ဆက်မည် ဖြစ်ကြောင်း၊ ဂျပန်သည် ဖိလစ်ပိုင်အား ဂျပန် ယန်းငွေ ထုတ်ချေးရေး အစီအစဉ်သစ်ကို ထုတ်ပြန်မည်ဟု သက်ဆိုင်ရာ ပုဂ္ဂိုလ်က ပြောကြားကြောင်း သိရသည်။

၂၄ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန် ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှီဟီဒေ စူဂါက သမ္မတ ဒူတာတယ်၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဆင့်တိုး တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်၍ သမ္မတ ဒူတာတယ်နှင့် သဘောထား ရပ်တည်ချက်ကို ညှိနှိုင်းရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

တရုတ်ပြည် ယနေ့ခေတ် ဆက်ဆံရေး သုတေသန အကယ်ဒမီ လက်ထောက် သုတေသီ ချင်ချင့်ဟုန်က ဒူတာတယ်သည် နိုင်ငံကြီးများနှင့် ညီမျှစေခြင်း သံတမန်ရေးကို ကျင့်သုံးမည်ဟု ယူဆကြောင်း၊ အနာဂတ် ဂျပန်-ဖိလစ်ပိုင် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တစ်ဆင့်တိုး အာရုံစိုက်သင့်ကြောင်း ပြောကြားသည်။

   Webradio