• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားဒုက္ခသည်လက်ခံသည့်နိုင်ငံများအား ပိုမို ထောက်ပံ့အားေးပးရန် ကုလပန်ကြား

(GMT+08:00) 2016-10-25 15:27:49

  ကုလသမဂ္ဂဒုက္ခသည်ရေးရာမဟာမင်းကြီးရုံးမှ အဆင့်မြင့်အရာရှိ ဂရမ်ဒီက ယမန်နေ့ ၂၄ ရက်နေ့ကကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဆီးရီးယားဒုက္ခသည် လက်ခံသည့် နိုင်ငံများကို ပိုမို ထောက်ပံ့အားပေးရန် နိုင်ငံတကာမိသားစုကြီးအား ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဂရမ်ဒီက ဆီးရီးယားဒုက္ခသည်များလက်ခံရန် ဂျော်ဒန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုကို တန်ဖိုးထားချီးကျူးကြောင်း၊ ရပ်ရွာလုံခြုံမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအပေါ် ဂျော်ဒန်နိုင်ငံ၏ စိုးရိမ်မှုကို သိရှိနားလည်ကြောင်း၊ သို့သော် ဆီးရီးယားပြည်တွင်း အခြေအနေ မတည်မငြိမ်ဖြစ်နေသောကြောင့် ဒုက္ခသည် လက်ခံခြင်းတွင် ပိုမိုများပြားသည့် ဖိအားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio