• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်နှင့်ဆက်ဆံမှုဖြတ်တောက်မည်မဟုတ်ဟု ဖိလစ်ပိုင်ဆို

(GMT+08:00) 2016-10-25 15:09:48

      ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Yasay က၊ ဖိလစ်ပိုင်အနေနှင့်၊ အမေရိကန်နှင့် ဆက်ဆံမှုကို ဖြတ်တောက်မည်မဟုတ်ဘဲ၊ ၂ နိုင်ငံဆက်ဆံမှုကို အားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ၂၄ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

Yasay သည်၊ ဖိလစ်ပိုင်တွင် ခရီးလှည့်လည်နေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရာစယ်လ်နှင့်တွေ့ဆုံပြီးနောက်၊ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌  ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

   Webradio